Skip to main content
Home

ဒီနေ့အတွက်စကား

Submitted by admin on Thu, 03/29/2018 - 15:00

ဒီနေ့အတွက်စကား

All men make mistakes, but only wise man learnt from their mistakes.

ဒီနေ့အတွက်စကား

လူသားအားလုံးအမှားနဲ့မကင်းပါဘူး။ဒါပေမယ့်ပညာရှိတဲ့သူတွေကတော့သူတို့မှားခဲ့တဲ့အမှားတွေကနေသင်ခန်းစာယူလေ့ရှိပါတယ်။ဒီစကားကိုတော့ဗြိတိသျှဝန်ကြီးချုပ် Winston Churchill ကပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလောကကြီးမှာရှင်သန်ကြတဲ့သက်ရှိလူသားတိုင်းပြီးပြည့်စုံတဲ့သူအမှားကင်းတဲ့သူဆိုတာမရှိပါဘူး။ဘယ်လောက်ပဲအရာရာမှာထူးချွန်ထက်မြက်တဲ့သူဖြစ်နေပါစေရှင်သန်ခဲ့တဲ့ဘဝခရီးတစ်လျှောက်မှာတော့တစ်ကြိမ်တစ်ခါလောက်တောင်မမှားဖူးတဲ့သူဆိုတာမရှိပါဘူး။အဲဒီလိုပါပဲကိုယ်မှားခဲ့တဲ့အမှားကလည်းသင်ခန်းစာယူပြီးနောက်တစ်ခါထပ်မမှားရအောင်ကြိုးစားတတ်တဲ့သူတွေလည်းမရှိဘူးမဟုတ်တောင်ရှားတတ်ကြပါတယ်။

All men make mistakes, but only wise man learnt from their mistakes. တကယ်လို့များအလုပ်ခွင်တွေမှာကိုယ်ကမှားတဲ့အတွက်မှားတဲ့အကြောင်းအပြောခံရမယ်အဆူခံရမယ်ဆိုရင်လူအများစုကမကျေမနပ်ဖြစ်တတ်ကြပါတယ်။ဒါပေမယ့်မှားခဲ့တဲ့အရာတွေကိုနောက်ထပ်မလုပ်ဖူးလားဆိုတော့မဟုတ်ပါဘူး။တကယ်တော့သူများပြောလို့ပဲဖြစ်ဖြစ်ကိုယ့်ဘာသာကိုယ်သိတာပဲဖြစ်ဖြစ်အမှားကိုသိလို့အမှန်ကိုပြင်ဖို့လိုပါတယ်။ဒါမှလည်းလူတော်တစ်ယောက်ဖြစ်လာမှာပါ။လူတော်တစ်ယောက်ကနေသာလူကောင်းတစ်ယောက်ဖြစ်လာမှာပါ။အဲဒီလိုမှားခဲ့ဖူးတဲ့အရာတွေမှာထပ်ခါထပ်ခါမှားနေဦးမယ်ဆိုရင်တော့ဒါညံ့ဖျင်းရာကျလာပါပြီ။ဒါဆိုရင်ကျွန်တော်တို့တွေဘာဆက်လုပ်ကြမလဲ။လုပ်ရမှာကတော့မှားခဲ့ဘူးတဲ့အရာတွေကိုမှားတာကိုမှားကြောင်းလက်ခံနိုင်ရပါမယ်။ဝန်ခံနိုင်ရပါမယ်။အမှားကိုအမှားမှန်းသိတဲ့အချိန်မှာအမှားတွေကိုဘာကြောင့်လုပ်မိခဲ့သလဲဆိုတာကိုသေချာဆင်ခြင်သုံးသပ်ရမယ်။နောက်ထပ်အနေနဲ့နောက်တစ်ခါအလားတူဖြစ်ရပ်မျိုးအမှားမျိုးမဖြစ်ရအောင်ဆင်ခြင်ဖို့အထူးလိုပါတယ်။တစ်ချို့ကတော့ရှိပါတယ်။အမှားနဲ့မကင်းတဲ့သူတွေမို့မှားမှာပေါ့မသေတဲ့ဆေးသမားမမှားတဲ့ရှေ့နေဆိုတာတောင်ရှိလို့လားဆိုပြီးဆင်ခြေပေးတတ်ကြပါတယ်။အဲဒီလိုလူတိုင်းမှားတတ်ကြတာပဲဆိုပြီးအမှားကြီးပဲလုပ်နေမယ်ဆိုရင်တိုးတက်မှုအောင်မြင်မှုဆိုတာကိုရရှိနိုင်မှာမဟုတ်ပါဘူး။သိပ္ပံစမ်းသပ်ချက်တွေမှာလည်းအမှားတွေအများကြီးကနေမှအခုကျွန်တော်တို့အသုံးပြုနေကြတဲ့နောက်ဆုံးပေါ်ပစ္စည်းတွေ၊ရလာဒ်တွေထွက်လာတာပါ။ဒါကြောင့်မှားတာကိုမှားမှန်းဝန်ခံတာရှက်စရာမလိုပါဘူး။အမှားတွေကိုအချိန်မှီအမှန်ပြင်ဖို့ပဲလိုပါတယ်။လောကမှာထူးချွန်တဲ့သူတွေကလည်းမမှားခဲ့ဖူးတဲ့သူတွေမဟုတ်ပါဘူး။မှားခဲ့ဖူးတဲ့အခါတွေမှာမှားတဲ့အမှားတွေကနေသင်ခန်းစာယူကြတဲ့အတွက်အဲဒီလိုထူးချွန်အောင်မြင်တဲ့ဘဝတွေကိုရရှိခဲ့ကြတာပါ။ထူးချွန်တဲ့ဘဝတွေကိုအားကျတဲ့သူတွေအနေနဲ့လောကမှာမရှုံးနိမ့်ဘဲအောင်မြင်တဲ့သူတွေဖြစ်ချင်တယ်ဆိုရင်မှားတဲ့အမှားတွေကနေသင်ခန်းစာယူပြီးပြုပြင်ပြောင်းလဲနိုင်ရပါမယ်။

                                                                                                                                                                                               

All men make mistakes, but only wise man learnt from their mistakes.

Audio icon quo 1270-padamyarfm-fm-myanmarfm.mp3
Date/Time: 
Friday, September 11, 2026 - 12:10